သံဓာတ်အားဆေးသောက်ရင် အသားမည်းလာမလား❓❓
သံဓာတ်အားဆေးက ပုံမှန်အားဖြင့် အသားမည်းတာမျိုး မဖြစ်စေပါဘူး။
တချို့မိန်းကလေးတွေက သံဓာတ်အားဆေးသောက်ပြီး အသားမည်းသွားတယ်လို့ ပြောကြပါတယ်။ အဲ့ဒါဟာ အများအားဖြင့် စိတ်ထင်တာ (သို့မဟုတ်) တိုက်ဆိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
စိတ်ထင်တာ⁉️
သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေသူတွေရဲ့ အသားအရေဟာ ဖြူဖပ်ဖြူလျော်နဲ့ သွေးအရောင်မရှိသလိုမျိုး ဖြစ်နေပါတယ်။
သံဓာတ်အားဆေး သောက်လိုက်တဲ့အခါမှာတေ့ ခန္ဓာကိုယ်ထဲမှာ သွေးအားကောင်းလာပြီး အသားအရောင်ဟာ ပုံမှန်အရောင် (သို့မဟုတ်) ပန်းရောင်သန်းတဲ့ အသားအရေကို ရရှိလာနိုင်ပါတယ်။
ဖြူဖပ်ဖြူလျော်ဖြစ်နေတဲ့ အသားအရောင်ကနေ ပုံမှန်အသားအရောင်ကို ပြန်ပြီးရရှိသွားတဲ့အတွက် တချို့က အသားမည်းသွားတယ်ဆိုပြီး ထင်တတ်ကြတာ ဖြစ်ပါလိမ့်မယ်။
တိုက်ဆိုင်တာ⁉️
အများအားဖြင့် အပြင်ထွက်တဲ့အခါ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားအရေဟာ ညိုမည်းလာနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်ပေမယ့် သံဓာတ်အားဆေးသောက်နေတာနဲ့ တိုက်ဆိုင်သွားတဲ့အခါ ဆေးကြောင့်လို့ ထင်သွားနိုင်ပါတယ်။
ဒါ့ကြောင့် အပြင်သွားတိုင်း နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ထီးဆောင်းပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပါ။ နေရောင်ကာလိမ်းဆေး လိမ်းပါ။
👉 အခြား - ဟော်မုန်းအပြောင်းအလဲ၊ တချို့ကျန်းမာရေး အခြေအနေတွေက အသားအရောင် ညိုမည်းတာနဲ့ သက်ရောက်မှုရှိပါတယ်။
📌 သံဓာတ်က ခန္ဓာကိုယ်မှာ လွန်ကဲလာလို့ရှိရင် အသားညိုညစ်နိုင်တယ်။ ဒါပေမယ့် အခုသောက်ရတဲ့ ပမာဏအတွင်းမှာ ဖြစ်နိုင်ခြေ မရှိသလောက်နည်းပါတယ်။
📌 ဆေးမှာပါဝင်တဲ့ သံဓာတ်ပမာဏက မများနေတဲ့အပြင် ဒီဆေးကို သောက်တဲ့သူအများစုက သံဓာတ်ချို့တဲ့သူတွေ ဖြစ်နေမှာမို့လို့ သံဓာတ်များသွားပြီး အရေပြားညိုညစ်ဖို့က ပိုလို့တောင် ဖြစ်နိုင်ခြေနည်းပါသေးတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရရင် သံဓာတ်အားဆေးက အသားအရောင်ကို တိုက်ရိုက်မည်းသွားစေတာမျိုး မရှိတာကြောင့် ကျွန်မတို့ အမျိုးသမီးတွေအားလုံး သွေးအားပြည့်ဝ၊ ကျန်းမာလှပစေဖို့အတွက်
သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်B12 ပါဝင်တဲ့ ♥️ 𝗬-𝗦𝗶 𝗙𝗲𝗿𝗿𝗼𝗔𝗶𝗱 (ဝိုင်စီ-ဖယ်ရိုအိတ်) ♥️ သံဓာတ်အားဖြည့်ဆေးကို 💊တစ်နေ့တစ်တောင့်မှ နှစ်တောင့်၊ စိတ်ချစွာနဲ့ သောက်သုံးပေးနိုင်ပါတယ်။
Reference
========
📌 Al Suzaud Dowla (2025) 𝐷𝑜 𝐼𝑟𝑜𝑛 𝑇𝑎𝑏𝑙𝑒𝑡𝑠 𝑀𝑎𝑘𝑒 𝑌𝑜𝑢𝑟 𝑆𝑘𝑖𝑛 𝐷𝑎𝑟𝑘𝑒𝑟? 𝐾𝑛𝑜𝑤 𝑇ℎ𝑒 𝐴𝑛𝑠𝑤𝑒𝑟.
#Y_SiFerroAid #ဝိုင်စီဖယ်ရိုအိတ် #သံဓာတ်အားဖြည့်ဆေး